အပစ်အခတ် ရပ်စဲရေး၏ အနှစ်သာရကို KNU ရင်ဆိုင်ရ - NAING NAING SANAY
Headlines News :
Home » » အပစ်အခတ် ရပ်စဲရေး၏ အနှစ်သာရကို KNU ရင်ဆိုင်ရ

အပစ်အခတ် ရပ်စဲရေး၏ အနှစ်သာရကို KNU ရင်ဆိုင်ရ

Written By နိုင်နိုင်စနေ။ on Thursday, October 4, 2012 | 6:42 AM



ရွှေဟင်္သာသတင်းဌာန. ၄ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်တန်း ခေါင်းဆောင် (၃) ဦးအား တာဝန်မှ ရပ်စဲ လိုက်ရခြင်းသည် KNU နှင့် အစိုးရ တို့၏ အပစ်ခတ် ရပ်စဲရေး အနှစ် သာရကို စတင် ခံစားလိုက်ရပြီး ဖြစ်သည်ဟု ဗဟို ကော်ဝင်လည်းဖြစ် ခရိုင် အတွင်း ရေးမှူး တဦး ဖြစ်သူက ဆိုပါသည်။

“ ဒါကမ ဖြစ်သင့် တာကို လုပ်လိုက်တာပါ။ KNU ဗဟို အထွေထွေ အတွင်း ရေးမှူးမှာ တာဝန် ရှိပါတယ်။ ဒီလို လုပ်လိုက်ရင် ဘယ်လိုဖြစ်သွား မလဲ ဆိုတာ စဉ်းစား မတတ်လို့သာ ဖြစ်တာပါ။ ဒါဟာ KNU အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်လိုက်တဲ့ သဘော ပါဘဲ။ ကျနော် သိသလောက် ဆိုရင် အများ ဆန္ဒနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ မလုပ်တတ်ရင်ကွဲ မထိုင်တတ်ရင်ပြဲ ဆိုသလိုပါဘဲ” ဟု ဆိုပါသည်။
ယခုကဲ့သို့ အရေး ယူရခြင်းသည် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်ပြီး KNU ၏ ဖါးအံ ဆက်ဆံရေး ဖွင့်ပွဲ အစီစဉ် ကို ဗဟိုက မသိသဖြင့် အရေးယူ ရခြင်း ဖြစ်ဖွယ် ရှိကြောင်း ထုတ်ပြန်ကြေညာချက် အရ သိရပါသည်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY - All Rights Reserved
Template Design by Creating Website Published by Mas Template