မနန်းခင်ဇေယျာ ပြိုင်ပွဲ မှာ တက်တက်ကြွကြွ ပါဝင်နေ - NAING NAING SANAY
Headlines News :
Home » » မနန်းခင်ဇေယျာ ပြိုင်ပွဲ မှာ တက်တက်ကြွကြွ ပါဝင်နေ
မနန်းခင်ဇေယျာ ပြိုင်ပွဲ မှာ တက်တက်ကြွကြွ ပါဝင်နေ
Written By နိုင်နိုင်စနေ။ on Monday, October 8, 2012 | 4:29 AM
အောက်တိုဘာလ ၇ ရက်နေ့  က  မယ် နိုင်ငံ တကာ ပြိုင် ပွဲ ၀င်သူများ သည် ဂျပန် ရိုးရာ အစား
အသောက် များ ကို နည်း ပြ တစ်ဦး က သင်ကြား ပြ သမှု ဖြင့် ကိုယ်တိုင် ချက် ပြုတ် စားသောက်
ခဲ့ သည်။
အောက်တိုဘလ ၈ ရက် တနင်္လာ နေ့ တွင် ရိုးရာ ယဉ်ကျေးမှု အက များ ဖြင့် ကပြ ဖျော်ဖြေမှု ပြု
ခဲ့ကြသည် ရာ မနန်းခင်ဇေယျာ က မြန်မာ အက ကို အခြား ၀င်ရောက်ယှဉ်ပြိုင်သူများ အား ပြသ
ခဲ့ ရာ ပိုလန် ၊ ဘရာဇီး ၊ စပိန် ၊ ဟန်ဂေရီ နှင့် ပီရူး မယ်များ  က စိတ် ၀င်တစား သင်ယူခဲ့ ကြသည်။
အောက်တိုဘာလ ၂၁ ရက်နေ့  ပြိုင်ပွဲ အပြီး မြန်မာ နိုင်ငံ သို့ ပြန်လည် ရောက်ရှိလာမည့် မနန်းခင်ဇေယျာ
ကို ရန်ကုန် ရောက် ရှမ်း နှင့် ပ အိုဝ် လူမျိုး များ အပါ အ၀င် မြန်မာ နှင့် အခြား တိုင်းရင်းသား များ ကြိုဆို
ရန် ပြင်ဆင် ထားသည် ဟု FNG မှ သိရှိ ရသည်။
ဂျပန် နိုင်ငံ  အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစား ခန်းမ ဉ် အောက်တိုဘာ လ ၁ ရက်နေ့ မှ
အောက်တိုဘာလ ၂၁ ရက်နေ့  အထိ ကျင်းပ နေသည့် မယ် နိုင်ငံ တကာ (Miss International)
ကို မြန်မာ နိုင်ငံ ကိုယ်စား ပြု ကာ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှ မနန်းခင်ဇေယျာ သည် ၀င်ရောက်
ယှဉ် ပြိုင် နေသည် ဟု ၅၂ ကြိမ်မြောက် မယ် နိုင်ငံ တကာ (Miss International) ကျင်းပရေး
ကော်မတီ သတင်း နှင့် ပြန်ကြား ရေးဌာန မှ သတင်း ထုတ်ပြန်ထားသည်။
ပြိုင်ပွဲ၌ Miss Myanmar International Crownဆုကို ရရှိခဲ့ သည်။
မယ် နိုင်ငံ တကာ  ပြိုင်ပွဲ ကို နိုင်ငံ ပေါင်း ၆၇ နိုင်ငံ မှ ၀င်ရောက်ယှဉ် ပြိုင် သည်။ ယခုနှစ်
Miss International ဆုရရှိသူ အား ယခင် နှစ် က ဆုရှိခဲ့ သည့် အီကွေဒေါ မှာ ဖာနန်ဒါ
ကော်နီ ဂျို မှ လွှဲပြောင်း ပေး အပ် မည် ဖြစ်သည်။
နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။
Share this article :
0 comments:
Speak up your mind
Tell us what you're thinking... !
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY - All Rights Reserved
Template Design by Creating Website Published by Mas Template