ပန်းတနော်မြို့နယ်ထဲက ရွာတွေ ခုချိန်ထိ ရေမြုပ်နေရခြင်းရဲ့ လက်သည်တရားခံတွေ့ပြီ - NAING NAING SANAY
Headlines News :
Home » » ပန်းတနော်မြို့နယ်ထဲက ရွာတွေ ခုချိန်ထိ ရေမြုပ်နေရခြင်းရဲ့ လက်သည်တရားခံတွေ့ပြီ

ပန်းတနော်မြို့နယ်ထဲက ရွာတွေ ခုချိန်ထိ ရေမြုပ်နေရခြင်းရဲ့ လက်သည်တရားခံတွေ့ပြီ

Written By နိုင်နိုင်စနေ။ on Thursday, October 4, 2012 | 6:37 AM



ဦးအောင်ငြိမ်း (လွှတ်တော်အမတ်၊ ခရိုနီ) ဧရာဝတီတိုင်း မှာရှိတဲ့လယ်တွေအကုန်နီးပါး အင်းတွေအကုန်နီးပါးကို ပိုင်တယ်။ ကိုယ်လယ်ထဲရောက်လာတဲ့ငါး၊ လယ်ထဲမှာပေါက်နေတဲ့ မိုနတို၊ ကနဖေါ့တောင် ချိုးခွင့်မရှိတော့ဘူး။ သူဟာရေမြေ့ရှင်လို အကုန်ပိုင်နေတယ်။ ငါးတကောင်ဖမ်းလို့ အသတ်ခံရတဲ့သူ၊ အဖမ်းခံရတဲ့သူရှိနေတယ်။ သူဟာ လူမိုက်ဂိုဏ်းကြီးကိုဖွဲ့ပြီး ရမ်းကားနေတယ်။

ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်း၊ မိုင်း ၅၀ ပတ်လည်ဟာ ရေမြုပ်နေတာ ၂ လကျော်ကြာသွားပြီ။


လူတွေဟာ အစာရေစာ စတင်ပြတ်တောက်နေပြီ။ လယ်တွေလုပ်မရအောင်ဖြစ်နေပြီ။ သူဟာ ရေထွက်ပေါက်တွေကို ပိတ်ထားတဲ့အတွက် လယ်ဧက ၇ သောင်း ရေမြုတ်နေတယ်။ လူ သိန်းနဲ့ချီ ဒုက္ခရောက်နေတယ်။

ပိတ်ထားတွေက အများကြီးပဲ။ ရေက မစီးနိုင်တော့ဘူး။ ကျနော်တို့ လှေတွကို မသယ်ပြီးတော့ တဖက် ချောင်းကိုကျော်သွားကြတယ်။ ရေတွေကို ပိတ်ထားတဲ့ရည်ရွယ်ချက်ကတော့ ငါးတွေကို သဘ၀အတိုင်းလွတ်မွေးတဲ့ သဘောပေါ့။ ရေကျတော့ ငါးတွေက အင်းတွေထဲမှာ ပြန်နေတယ်။ 


ငါးသဘ၀က ဒီလိုရှိတယ်။ ငါးကို အစာကျွေးစရာမလိုဘဲ လွှတ်မွေးပေးထားတော့ Organic ငါးဖြစ်လာတယ်။ ဈေးကောင်းတယ်။ အကောင်ကြီးတယ်။ အရသာရှိတယ်ဆိုတယ်။ ဒီဒေသမှာ အင်းပေါင်း ၃၀၀ ကျော်ရှိတယ်။ ဒီအင်း အားလုံးနီးပါးကို အောင်ငြိမ်း (အမတ်) က ပိုင်တယ်။

 သူက ဒီနေရာတွေကို မြေလွတ်မြေရိုင်းတွေပါဆိုပြီး လိမ်ပြီး အထက်ကို တင်ပြထားတယ်။ တကယ်က လယ်သမား ၁ သိန်းကျော်အလုပ်လုပ်နေတဲ့ ထမင်းစားနေတဲ့ လယ်တွေပါ။ သူ့တာဝန်က ဒီဒေသကလူထုတွေ စားဝတ်နေရေး ချောင်လည်အောင် လုပ်ပေးရမှာ၊ တကယ်လုပ်နေတာက လူထုကို ဒုက္ခပေးနေတယ်။ အောင်ငြိမ်းက လူ ၂ သိန်းကိုကျွေးနိုင်တဲ့ အရည်အချင်းမရှိဘူး။ ဒီလူဟာ လူဆိုးလူမိုက်တယောက်သာ ဖြစ်တယ်။ သူဟာ ပါလီမန်ထဲမှာ မရှိသင့်ဘူး။ သူ့ရဲ့မတရားမှုတွေကို ဖေါ်ထုတ်ကြပါစို့။ သူလို လူရှိနေသမျှ ဒီဒေသဟာ ငြိမ်းချမ်းမှာမဟုတ်ဘူး။

လယ်သမားတွေ၊ ရေလုပ်သားတွေကို ဘာလိုခြင်သလဲလို့ ကျနော်မေးကြည့်တော့ ပိတ်ထားတဲ့ရေတားတွေကို အမြန်ဆုံး ဖွင့်ထုတ်ပေးဖို့ ၊ မျိုးစပါးတွေကို တဧက ကို ၃ တင်းပေးဖို့ပဲ တောင်းဆိုတာပါ။ ရေက အမြန်ဆုံး မကျဘူးဆိုရင် စပါးကိုထပ်စိုက်ရင် နောက်မိုး မိပြီး စပါးတွေစိုက်ထားရင်လဲ ပျက်ကုန်တော့မယ်လို့ ပြောကြပါတယ်။ လယ်သမားတွေလဲ လယ်စိုက်လို့ မရဘူး။ ရေလုပ်သားတွေလဲ ငါးဖမ်းလို့မရဘူး။ ဦးအောင်ငြိမ်း ဂိုဏ်းသားတွေက နှောက်ယှက်နေတယ်လို့ ဆရာတော်က ရှင်းပြနေတာပါ။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY - All Rights Reserved
Template Design by Creating Website Published by Mas Template