မြန်မာ့ စီးပွားရေး အလှည့်အပြောင်းနှင့် ခရိုနီ ပွတ်တိုက်မှု - NAING NAING SANAY
Headlines News :
Home » » မြန်မာ့ စီးပွားရေး အလှည့်အပြောင်းနှင့် ခရိုနီ ပွတ်တိုက်မှု

မြန်မာ့ စီးပွားရေး အလှည့်အပြောင်းနှင့် ခရိုနီ ပွတ်တိုက်မှု

Written By နိုင်နိုင်စနေ။ on Sunday, October 7, 2012 | 8:30 AM


ယခုတစ်လော ဘဏ်လောကတွင် ငွေကြေး အရှုပ်တော်ပုံများ ရှိနေပြီး ကမ္ဘောဇ ဘဏ် ဥက္ကဌအား သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေး နေသည်ဟူသော ကောလဟာလများ ထွက်ပေါ်နေပြီး

 သောကြာနေ့က ကမ္ဘောဇ ဘဏ်များတွင် ပုံမှန်မဟုတ်သော ငွေသွင်း ငွေထုပ်မှု များကို အကြောင်းပြကာ ကမ္ဘေဇဘဏ် ဒေ၀ါလီခံရပြီဟု ပြည်သူလူထုအကြား ထိတ်လန့်အောင် လှုံ့ဆော်မှုများ ပေါ်ထွက်ခဲ့သည်။ ခဲမှန်ဖူးသော ပြည်သူ လူထုသည်လည်း အဟုတ်မှန်ထင်ကာ ဘဏ်များမှ ငွေထုတ်ယူမှုကြောင့် ငွေကြေး အကြပ်အတည်း ဖြစ်ပေါ် လုနီးပါးဖြစ်ခဲ့ရသည်။
သင်္ဃန်းကျွန်း ဘဏ်ခွဲတွင် ငွေထုတ်သူပြည်သူများမှာ ည ၈ နာရီအထိစောင့်ဆိုင်းကာ ငွေများထုတ်ယူခဲ့ကြသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကမ္ဘေဇဘဏ် ဒုဥက္ကဌမှပြောကြားရာ “ဒီလိုပုံစံမျိုး အရင်တစ်ခေါက်ကလည်း လုပ်ခဲ့ပြီးပြီ။ အခု တစ်ခေါက်က သေသေချာချာ အကွက်ချပြီးလုပ်ခဲ့တာ၊ အောက်တိုဘာ ၁၊၂၊၃၊၄ ရက်တွေက ပုံမှန် ဘဏ်မှာ လူကြပ်ရက်တွေပါ။ ဘဏ်တွေ ၆ လချုပ် ပိတ်တဲ့ အချိန် စာရင်းချုပ်နေလို့ ငွေလွှဲတွေ၊ အတိုးတွေ၊ ငွေထုတ်တာတွေ ခဏရပ်တဲ့ အချိန်ပါ။ တခြားဘဏ်တွေလဲ ဒီလိုပါဘဲ။ ဒါကို အကြောင်းပြပြီး ပြည်သူတွေ အကြား ရှုပ်ထွေမှုဖြစ်အောင် လုပ်တာ၊ ပြည်သူတွေ ဘဏ်တွေကို ယုံကြည်မှု မရှိဘဲ ငွေလက်ကိုင် သုံးစွဲမှ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်အောင် လုပ်လို့ရမှာကို၊ ပြည်သူတွေ ဘက်ကလည်း လိမ်ဆင်ကြီးထဲ မ၀င်အောင် သတိထားဖို့လိုမယ်” ဟုပြောကြား သွားပါတယ်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငွေကြေး စုံစမ်း ထောက်လှမ်းရေး အဖွဲ့ (FIU) အား ဆက်သွယ်မေးမြန်းရာ၊ တာဝန်ရှိသူတစ်ဦးက “ယခုလောလောဆယ် ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်တဲ့ အမှုတစ်မှုမှ မရှိသေးပါဘူး။ ဥပဒေပြင်ဆင်ဖို့နဲ့ အဖွဲ့ကို ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတွေပဲရှိပါတယ်”ဟု အတည်ပြုဖြေကြားသွားပါတယ်။ ယခုဖြစ်ရပ်များနှင့် ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက သုံးသပ်ပြောဆိုရာမှာ “အရင်က ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေက ဘာနဲ့ တူသလဲ ဆိုတော့ ကျောက်ကမ်းပါးစောင်းမှာ ကျောက်တုံးတစ်တုံးလိမ့်နေတာနဲ့တူတယ်၊ အရှိန်လေးရနေတော့ စီးပွားရေး သမား တွေကော၊ ပြည်သူတွေကပါ သတိမထားမိဘူး။ စီးပွားရေးတွေ လည်ပတ်နေတယ်ပေါ့၊ အခု အစိုးရ ပြောင်းပြီး နောက်ပိုင်းမှာ စီးပွားရေး ပေါ်လစီတွေ တစ်ခုပြီး တစ်ခုပြောင်းလဲလုပ်ဆောင်နေတော့ အရင် ချောက်ထဲကို ဦးတည်နေတဲ့ အရှိန် ရပ်သွားတယ်၊ ရပ်သွားတော့ အကုန်လုံးလုပ်ရကိုင်ရတာခက်ကုန်တယ်။
ကားပါမစ် မရှိတော့ဘူး။ ကားဈေးတွေ ကျလာတယ်၊ အရင် ကျပမ်းကားပွဲစားတွေ စထိလာတယ်။ နောက်မြေဘက်ကို လှည့်သွားတယ်။ မြေဈေးတွေ တက်ကုန်တယ်။ အစိုးရပြန်ကိုင်မယ်ဆိုရော တက်တဲ့ဈေးတွေ ပျောက်ချင်း မလှ ပျောက်ကုန်တယ်။ အဲဒီတော့ အချောင်ရတဲ့ ပါမစ်စီးပွားရေးတို့၊ ခွင်တို့ဆိုတာတွေ သိပ်မတွေ့ရတော့ဘူး၊ ပါမစ်သမားနဲ့ ခွင်သမားတွေ စားခွက် ပျောက်လာတယ်၊ တစ်ချို့ အရင် အစိုးရ လက်ထက် အောင်မြင်တယ်လို့ပြောနေတဲ့ အမရာဘဏ်တို့ ထူးထရေးဒင်း တို့တွေက တဖြည်းဖြည်း အကျဘက်ကို ရောက်နေပြီ။ အဲဒီထဲကမှ ကမ္ဘေဇဘဏ်တို့ Max တို့ကျတော့ အချိန်မှီ ပြောင်းလဲပြီး Clean Business ဘက်ကို ဦးတည်လာ နိုင်တယ်။
အခွန် ပေးသွင်းမှု စာရင်းကို ကြည့်လိုက်တာနဲ့တင် သိသာနေပြီ။ နောက် သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြောင်းလဲမှုကြောင့် နိုင်ငံတကာက စီးပွားရေး သမားတွေကလည်း မြန်မာနိုင်ငံကို တဖြည်းဖြည်းဝင်လာတယ်။ ၀င်လာတဲ့သူတွေကလည်း ယခင် နာမည်ပျက် စီးပွားရေး သမားတွေထက် အခြားနာမည်ပျက်မရှိသူတွေကို ဦးစားပေးစဉ်းစားလာတယ်။ ဥပမာ Coaca Colar တို့ Pepsi တို့ပေါ့။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံရဲ့ စီးပွားရေးသမားတွေထဲမှာ နောက်ပြန်လှည့်ချင်တဲ့ သူတွေ ရှိနေတယ်ဆိုတာ ထင်ရှားတယ်။ သူတို့ တွေက Clean Business ကိုအလေ့အကျင့်မရှိဘူး။ မတိုးနိုင်ဘူး။ ဒီတော့ နောက်ပြန်လှည့်ဖို့ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာပါ။ ဒါမြန်မာ့ စီးပွားရေး အလှည့် အပြောင်းမှာ ခရိုနီ ပွတ်တိုက်မှုဖြစ်တာပါ။ ဒါကို အစိုးရပိုင်းကော ပြည်သူတွေကပါ သတိရှိဖို့လိုတယ်။ သူတို့တွေ ဆွဲခေါ်တိုင်းလိုက်ခဲ့ရတာ နှစ်၂၀ ကျော်ပါပြီ။ ဒီအချိန်မှာ မအသင့်တော့ဘူး။ အစိုးရပိုင်းကလည်း လိုအပ်တဲ့အရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။
ပြည်သူတွေဖက်က ရှင်းရှင်းလင်းလင်း သိအောင် လို့လည်း Public Report လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးမှာတင် Transparency ရှိဖို့ လိုတာ မဟုတ်ပါဘူး။ စီးပွားရေးပိုင်းမှာလည်း လုပ်ငန်းရှင်တွေဘက်က Transparency ရှိဖို့လိုပါတယ်” ဟု ထောက်ပြပြောဆိုသွားပါတယ်။ by:People Development for Knowledge
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY - All Rights Reserved
Template Design by Creating Website Published by Mas Template