KIA တပ်မဟာ(၃)မှ စက်တင်ဘာလတွင်း လူသစ်ဖမ်းဆီးရရှိမှု(၄၅၀)ကျော်ရှိ၊ အမျိုးသမီး(၅၀) ကျော်ပါဝင် - NAING NAING SANAY
Headlines News :
Home » » KIA တပ်မဟာ(၃)မှ စက်တင်ဘာလတွင်း လူသစ်ဖမ်းဆီးရရှိမှု(၄၅၀)ကျော်ရှိ၊ အမျိုးသမီး(၅၀) ကျော်ပါဝင်

KIA တပ်မဟာ(၃)မှ စက်တင်ဘာလတွင်း လူသစ်ဖမ်းဆီးရရှိမှု(၄၅၀)ကျော်ရှိ၊ အမျိုးသမီး(၅၀) ကျော်ပါဝင်

Written By နိုင်နိုင်စနေ။ on Monday, October 8, 2012 | 4:50 AM



အတင်းအဓမ္မစုဆောင်းခံရသော KIA ကလေးစစ်သားများ(ဓါတ်ပုံ- AlJazeera English)

KIA တပ်မဟာ(၃)လက်အောက်ခံတပ်ရင်းများမှ စက်တင်ဘာလအတွင်းတွင် လူသစ်ဖမ်းဆီးရရှိမှု (၄၅၀)ကျော် ရှိကြောင်း သိရှိရပါတယ်။

ဖမ်းဆီးထားသော လူသစ်များသည် တပ်မဟာ(၃) ထိန်းချုပ်နယ်မြေများဖြစ်သည့် မန်စီ၊ အူလန်ပါ၊ ဗန်မော်၊ လွယ်ဆိုင်းနဲ့ မန်ဝိန်ကြီး စသော ဒေသအသီးသီးမှ စုဆောင်းထားခြင်းဖြစ်ကြောင်းနှင့် လူသစ်အများဆုံး စုဆောင်းပေးနိုင် သူမှာ အူလန်ပါခရိုင်မှူး ဇော်ရှိန်းဖြစ်ကြောင်း သိရပါတယ်။ ထိုလူသစ်(၄၅၀)တွင် (၂၀၀)ကျော်မှာ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းနှင့် မံဝိန်းကြီးတို့ဘက်မျာ နေထိုင်တဲ့ ရှမ်းလူမျိုးများနှင့်          ရှမ်း-ကချင် လူမျိုးများ ဖြစ်ပါတယ်။
ဖမ်းဆီးထားသော လူသစ်(၄၅၀)မှ (၂၅၀)အား တပ်မဟာ(၃)ဌာနချုပ် ၀န်ဂေါဘွမ်တွင် အောက်တိုဘာလ(၁) ရက်နေ့မှ စတင်ပြီး အခြေခံစစ်သင်တန်းပို့ချပေးလျက်ရှိသော်လည်း မိဘများမှာ သွားရောက်တွေ့ဆုံခွင့်ကို ပိတ်ပင်ထားကြောင်း သိရပါတယ်။
``ကျွန်မသားလေးကို ရွာထဲမှာ လာဖမ်းသွားတာ သားက(၁၆)နှစ်ပြည့်ရုံလေးဘဲရှိသေးတယ်။ အခုသင်တန်း တက်နေ တယ်လို့ သိရတာနဲ့ လွယ်ဂျယ်ကို လိုက်လာတာ၊ သွားတွေ့လို့လည်းမရဘူး။ သင်တန်းပေးတဲ့ ပတ်ဝန်းကျင်နားမှာ KIA စစ်သားတွေ စောင့်နေတယ်။ ဖမ်းသွားတုန်းကလည်း သားလေးကငိုနေတယ်လို့ ပြောတယ်။ ကျွန်မက တောင်ယာထဲကို ရောက်နေတာ မသိလိုက်ဘူး။ ကျွန်မသားကို ပြန်ခေါ်ဖို့ တပ်ရင်းမှူးကို သွားတွေ့ တော့လည်း တွေ့ခွင့်မပေးဘူး။ လွယ်ဂျယ်ကလူတွေကတော့ ILO ကို တိုင်လို့ရတယ်ပြောတယ်။ ကျွန်မစာရေး ပြီးတိုင်မယ်´´ ဟု လွယ်ဂျယ်သို့ ရောက်နေတဲ့ မန်ဝိန်ကြီးရွာမှ အဖမ်းခံလူသစ်တစ်ဦး၏ မိခင် ရှမ်းအမျိုးသမီး တစ်ဦးမှ ပြောပါတယ်။

သင်တန်းပေးလျက်ရှိသော လွယ်ဂျယ်အနီးရှိ ၀န်ဂေါဘွမ်၏ဘေး ၀ါးရုံတောအုပ်တွင် KIA လုံခြုံရေးတပ်သား (၁၀၀)ကျော်လောက် စောင့်ကြပ်လျက်ရှိကြောင်းလဲ သိရပါတယ်။

``ပြီးခဲ့တဲ့ (၃) ရက်လောက်က ကလေးနှစ်ယောက်ထွက်ပြေးလာတာ ကျွန်တော် မိုးမောက်ကပြန်လာတုန်း လမ်းမှာ တွေ့တယ်။ KIA တပ်သားတွေ နောက်ကလိုက်လာပြီး မြင်တာနဲ့ သေနတ်တွေနဲ့ လှမ်းပစ်တယ်။ ဒါပေမယ့် ကောင်လေးတွေကို တော့ မမှန်ဘူး ကလေးတွေက တောထဲပြန်ဝင်ပြေးသွားတယ်။ အဲလိုပြေးလို့ မိရင်တော့ သတ်ပစ်လိုက်တယ်လို့ တော့ ပြောကြတယ်´´ ဟု လွယ်ဂျယ်မြို့ခံတစ်ဦးက KDN ကို ပြောကြားခဲ့ပါတယ်။

KIA တပ်သားသစ်ဖမ်းဆီးသွားသူများတွင် အမျိုးသမီးများလည်းပါဝင်ကာ အမျိုးသမီးများကိုတော့ သီးသန့် စစ်သင်တန်းပေးတယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၁)ရက်နေ့ကလည်း မိုးကောင်းမြို့နယ်မှ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးအား တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့သည်ဟု RFA သတင်းဌာနတွင် ဖော်ပြခဲ့ပါတယ်။

KIA မှာ
ကချင်မှန် သမျှ KIA စစ်တပ်မှာ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းထားခြင်းလဲ မရှိတဲ့အတွက် ကချင်မှာ စစ်မှုထမ်းချင်သူ မရှိသလောက် ရှားပါးနေပါတယ်။ တပ်မဟာ(၅)ရဲ့လက်အောက်ခံ တပ်စခန်း တွေဖြစ်တဲ့ ဂျော်မော်စခန်း၊ ညောင်ပင်စခန်း၊ အုန်းတပင်စခန်း နောင်းအိမ်တောင်ကြော စခန်းတွေ အနေနဲ့ တပ်သားသစ် စုဆောင်းပေးနိုင်ခြင်း မရှိတဲ့အတွက် လိုင်ဇာဌာနချုပ်အနေနဲ့  စက်တင်ဘာ နောက်ဆုံးအပတ်ထဲမှာ အရေးယူ အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY - All Rights Reserved
Template Design by Creating Website Published by Mas Template