မြန်မာ့သားကောင်း. ၆ရက်နေ့ အောက်တိုဘာ ၂၀၁၂ —- လိုလောင်” လို့ ဒေသခံတွေက အမည်ပေးထားတဲ့ ဧရာမ မိကျောင်းကြီးဟာ ဂုဏ်ယူဖွယ်ရာ၊ ကြောက်ရွံ့ဖွယ်ရာ၊ ခရီးသွား လုပ်ငန်း
ဝင်ငွေတိုးဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ စတဲ့ အခြင်းအရာများကို ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမြို့ငယ်လေးထံကို ယူဆောင်လာခဲ့ပါတယ်။ အခုတော့ အဲဒီ မိကျောင်းကြီးဟာ ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မဖမ်းမိခင်အထိ လူသတ် အသားစား သတ္တဝါကြီးအဖြစ် ကြောက်ရွံ့ခဲ့ကြရတဲ့ ယင်းမိကျောင်းကြီးကို ကမ္ဘာပေါ်တွင် ဖမ်းမိခဲ့သမျှ ရေငန် မိကျောင်းများအနက် အကြီးဆုံးအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ပြုစုရေးအဖွဲ့က ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။


0 comments:
Speak up your mind
Tell us what you're thinking... !