သေနတ်လုပ်တဲ့ မြေပုံက ပန်းဘဲ ဆရာကြီး စစ်တပ်က ဖမ်း - NAING NAING SANAY
Headlines News :
Home » » သေနတ်လုပ်တဲ့ မြေပုံက ပန်းဘဲ ဆရာကြီး စစ်တပ်က ဖမ်း

သေနတ်လုပ်တဲ့ မြေပုံက ပန်းဘဲ ဆရာကြီး စစ်တပ်က ဖမ်း

Written By နိုင်နိုင်စနေ။ on Thursday, October 4, 2012 | 7:15 AM



ရခိုင်ပြည်နယ် မြေပုံမြို့တွင် သေနတ် ပြုလုပ်သော ပန်းဘဲ ဆရာကြီး တစ်ဦးကို စစ်တပ်က သတင်းအရ ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ လက်သို့ လွဲပြောင်းလိုက်ကြောင်း သတင်း ရရှိသည်။
အဖမ်းဆီးခံရသူမှာ ဦးစံအောင်ကျော်ဖြစ်ပြီး မွတ်ဆလင် ရပ်ကွက်ထဲတွင် နေထိုင်သူ ရခိုင်အမျိုးသား ဖြစ်ကြောင်း သိရသည်။

“ သူကို သွားတိုင်ကြတယ်ထင်ပါတယ်။ စစ်တပ်က လွန်ခဲ့တဲ့ ၂ ရက်က  ၀င်ဖမ်းတာပါ။ သူ့ဆီက လုပ်လက်စ သေနတ် တလက် ဖမ်းမိသွားတယ်လို့ ကြားရတယ်။ သေနတ်ကတော့ မပီးသေးဘူးလို့ သိရပါတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ယခုအခါ သူ့အား  ရဲတပ်ဖွဲ့ ရမန် (၇) ရက် ယူထားကြောင်း သိရသည်။
“ သူက ပန်းဘဲ ဆရာတော့ သေနတ်တွေဘာတွေ နည်းနည်း လုပ်တတ်တယ်လို့ ကြားပါတယ်။ မွတ်ဆလင် အစုမှာ နေထိုင်တော့ သူကိုယ်သူကာကွယ်ဖို့ လုပ်တယ် ထင်ပါတယ်။ လက်ခံတော့ မရသေးပါဘူး” ဟု သူက ဆက်ပြောသည်။
ဦးစံအောင်ကျော်ထံမှ အချော မသတ်သေးသော လုပ်လက်စ သေနတ် အပါအ၀င် သေနတ် လုပ်ရာတွင် ပြုလုပ်သော ပစ္စည်းကရိယာများကိုလည်း စစ်တပ်က သိမ်းယူသွားကြောင်း သိရသည်။ သူ့မှာ အသက် ၆၀ ခန့်ရှိပြီး တောတွင်းပြန် ပြောက်ကျား တစ်ဦး  ဖြစ်ကြောင်း သိရသည်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY - All Rights Reserved
Template Design by Creating Website Published by Mas Template