သမ္မတဦးသိန်းစိန် နိုဗဲလ် ငြိမ်းချမ်းရေးဆု ခန့်မှန်းစာရင်းပါဝင် - NAING NAING SANAY
Headlines News :
Home » » သမ္မတဦးသိန်းစိန် နိုဗဲလ် ငြိမ်းချမ်းရေးဆု ခန့်မှန်းစာရင်းပါဝင်

သမ္မတဦးသိန်းစိန် နိုဗဲလ် ငြိမ်းချမ်းရေးဆု ခန့်မှန်းစာရင်းပါဝင်

Written By နိုင်နိုင်စနေ။ on Monday, October 8, 2012 | 4:35 AM


ယခုနှစ် ၂၀၁၂ ခုနှစ်အတွက် ပေးအပ်မယ့် နိုဗဲလ် ငြိမ်းချမ်းရေး ဆု ခန့်မှန်းချက်အမည် စာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်နေကြောင်းသတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုလို ခန့်မှန်းချက်ဟာ နော်ဝေ နိုင်ငံ အော်စလိုမြို့က ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ်ရဲ့ နှစ်စဉ် ထုတ်ပြန်နေ ကျ ဆုရနိုင်ခြေရှိသူ အတိုချုပ်စာရင်းမှာပါဝင်လာတာဖြစ်ပြီး နိုဗဲလ် ငြိမ်းချမ်းရေး ဆု ရရှိသူ ကိုတော့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။

အကယ်လို့ သမ္မတ ဦးသိန်းစိန်သာ နိုဗဲလ် ငြိမ်းချမ်းရေး ဆု ကို ရခဲ့မယ်ဆိုရင်တော့ ယခင် ၁၉၉၁ ခုနှစ်က ရထားပြီး သားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆို မြန်မာနိုင်ငံမှာ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ၂ ဦးဖြစ် သွားနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကို နိုင်ငံတကာ သတင်းမီဒီယာတွေက ပြုပြင်ပြောင်း လဲရေးသမားလို့ တင်စားရေးသားကြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ အတွက် အခုလို အသိအမှတ်ပြု ရေးသားလာကြာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က တောင်ကိုရီယားနိုင်ငံကို ချစ်ကြည်ရေး ခရီးသွားခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ကို သမ္မတ ရာထူး ယူစဉ်ကတည်းက တောင်ကိုရီယား သတင်းစာတွေက Mr. Clean လို့တင် စား ရေးသားခဲ့ကြတာပါ။ ဒါဆိုရင် ဦးသန့်ရှင်း (Mr. Clean) ခေါ် သမ္မတ ဦးသိန်းစိန်ကို ဆုရွေးချယ်ရေး အဖွဲ့က ရွေးချယ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ က စစ်ဗိုလ်ချုပ်ကြီးဟောင်း တဦးရဲ့ ကမ္ဘာ့သမိုင်းမှတ်တိုင်မှာ ထင်ရှားတဲ့ ဖြစ်ရပ်တခုအဖြစ် အထင်ကရ ဖြစ်လာနိုင်ပါ တယ်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY - All Rights Reserved
Template Design by Creating Website Published by Mas Template